Posts

Showing posts from March, 2022

ပူပြင်းသောနွေ နှင့် ဟမ်းစတားလေးများ

ပူပြင်းသောနွေနှင့် ဟမ်းစတားလေးများ (2022)   အခုတလော နေ့ကော၊ညကော ပူပြင်းတဲ့ နွေရာသီ ကြောင့်ကော၊ လျှပ်စစ်မီးကပါ လူမဆန်စွာဖြတ်နေတာကြောင့် လူသားတွေအတွက်ကော၊ဟမ်းစတားလေးတွေအတွက်ပါ များစွာထိခိုက်ခံစားနေရပါတယ်။ အရင်လို မိမိတို့ဟမ်းစတားတွေကိုသာမန်နေ့တွေလိုပစ်မထားပဲ၊ပိုမိုဂရုစိုက် ပေးဖို့လိုလာပါပြီ။ဟမ်းစတားများဟာ ပူလွန်း၊အေးလွန်သောဒဏ်များကိုကောင်းစွာ အံမတု နိုင်တာကြောင့် အပူလွန်၍ Heat stroke or Heat stressဖြစ်ပေါ်စေနိုင်ပါတယ်။  လက္ခဏာများမှာ- ခံတွင်းတဝိုက်သရေစိုရွဲနေခြင်း၊အမွှေးများတစုတစည်းကပ်နေခြင်း၊အင်အားချိနဲ့ကာသွားလာရာမလွယ်ကူခြင်း၊ညည်းတွားခြင်း၊အိပ်စက်နေစဉ်အတွင်းရုန်းကန်နေခြင်း၊ကောင်းစွာအစာမစားခြင်း၊ရေငတ်ခြင်းတို့နှင့် ပုန်းအိမ်မှထွက်ကာ ရှင်းလင်းသောနေရာများ၌သွားရောက် တိုးဝှေ့ အိပ်နေပါက အပူလွန်ကဲသောဒဏ်ကို ခံစားနေရခြင်း အစလက္ခဏာများဖြစ်ပါတယ်။ အသက်သေဆုံးသည်အထိလျင်မြန်စွာဖြစ်သွားနိုင်သလို နှစ်စဉ်နဲ့အမျှလဲ ဒီလိုအချိန်ရောက်တိုင်း အသက်ဆုံးရှူံးနေရတဲ့ ကလေးများရှိနေဆဲပါပဲ။  ဒါ့ကြောင့်ဆောင်ရန်၊ရှောင်ရန်တချို့ကိုမျှဝေပေးလိုက်ပါတယ်။  (၁) Cage သို့ Tank များကို လေ၀င်လေထွက်ကောင်းသောနေ...