ပူပြင်းသောနွေ နှင့် ဟမ်းစတားလေးများ
ပူပြင်းသောနွေနှင့် ဟမ်းစတားလေးများ (2022)
အခုတလော နေ့ကော၊ညကော ပူပြင်းတဲ့ နွေရာသီ ကြောင့်ကော၊ လျှပ်စစ်မီးကပါ လူမဆန်စွာဖြတ်နေတာကြောင့် လူသားတွေအတွက်ကော၊ဟမ်းစတားလေးတွေအတွက်ပါ များစွာထိခိုက်ခံစားနေရပါတယ်။ အရင်လို မိမိတို့ဟမ်းစတားတွေကိုသာမန်နေ့တွေလိုပစ်မထားပဲ၊ပိုမိုဂရုစိုက် ပေးဖို့လိုလာပါပြီ။ဟမ်းစတားများဟာ ပူလွန်း၊အေးလွန်သောဒဏ်များကိုကောင်းစွာ အံမတု နိုင်တာကြောင့် အပူလွန်၍ Heat stroke or Heat stressဖြစ်ပေါ်စေနိုင်ပါတယ်။
လက္ခဏာများမှာ- ခံတွင်းတဝိုက်သရေစိုရွဲနေခြင်း၊အမွှေးများတစုတစည်းကပ်နေခြင်း၊အင်အားချိနဲ့ကာသွားလာရာမလွယ်ကူခြင်း၊ညည်းတွားခြင်း၊အိပ်စက်နေစဉ်အတွင်းရုန်းကန်နေခြင်း၊ကောင်းစွာအစာမစားခြင်း၊ရေငတ်ခြင်းတို့နှင့် ပုန်းအိမ်မှထွက်ကာ ရှင်းလင်းသောနေရာများ၌သွားရောက် တိုးဝှေ့ အိပ်နေပါက အပူလွန်ကဲသောဒဏ်ကို ခံစားနေရခြင်း အစလက္ခဏာများဖြစ်ပါတယ်။ အသက်သေဆုံးသည်အထိလျင်မြန်စွာဖြစ်သွားနိုင်သလို နှစ်စဉ်နဲ့အမျှလဲ ဒီလိုအချိန်ရောက်တိုင်း အသက်ဆုံးရှူံးနေရတဲ့ ကလေးများရှိနေဆဲပါပဲ။
ဒါ့ကြောင့်ဆောင်ရန်၊ရှောင်ရန်တချို့ကိုမျှဝေပေးလိုက်ပါတယ်။
(၁) Cage သို့ Tank များကို လေ၀င်လေထွက်ကောင်းသောနေရာများ (သို့) သွယ်ဝိုက်၍ လေရသော ပန်ကာ/အဲကွန်းတို့ရဲ့ အနီးအနား တွင် ထားပေးနိုင်ပါတယ်။သူတို့လဲ အအေးခံတတ်ပါတယ်။
(၂) ရေဘူးများကို တနေ့တခါ မအေးလွန်းသော ရေအေးလေးနဲ့ရော၍ အမြဲလဲလှယ်ပေးနိုင်ပါတယ်။
(၃)ရေဓာတ်အားဖြည့်သော သစ်သီး၀လံများကို ရေခဲသေတ္တာထဲထည့်အအေးခံ၍ မအေးလွန်းသောအခြေအနေတွင် ကျွေးနိုင်ပါတယ်။
(၄)ပိတ်စ၊အ၀တ်စများရေစွတ်ကော Cage or ပုန်းအိမ်အပေါ် အနီးတဝိုက်သို့ အုပ်ပေးခြင်း (သို့) Cool Plate or ကျောက်ပြား or မြေအိုး တို့ကို ရေခဲသေတ္တာထဲထည့်ထားကာ မအေးလွန်းသောအနေအထားတွင် ကန်ထဲပြန်ထည့်ပေးထားခြင်းဖြင့် အပူဒဏ်ကိုလျော့နည်းစေနိုင်မှာပါ။
(၅) Long-Hair Hamster မျိုးဖြစ်ပါက ၎င်းတို့ရဲ့အမွှေးများထူထဲနေပါက အနည်းငယ်မျှညှပ်ခြင်းဖြင့် ၄င်းတို့ရဲ့အပူဒဏ်ကိုလျော့ချပေးနိုင်ပါတယ်။ (ဟမ်းစတားရဲ့အမြှီး နဲ့ Skirt Hair တို့ပါလွန်စွာညှပ်မိနိုင်သောကြောင့် ကျွမ်းကျင်မှုမရှိပါက မလုပ်ပါနဲ့။)
🚫 ရှောင်ရန်* (၁)နေ့ခင်းနေ့လည်ပူပြင်းသောအပြင်ဖက်သို့ ထုတ်ထားခြင်း၊ခေါ်ဆောင်သွားခြင်း တို့ကိုရှောင်ပါ။
(၂)Cage or Tank တို့အား နေရောင်တိုက်ရိုက်ရသော၊နေရှိန်သောနေရာများ၌ ထားခြင်းကိုရှောင်ပါ။
(၃)သူများနိုင်ငံကရာသီဥတုနဲ့မတူသောကြောင့် ထူလွန်းသော Paper Bedding or Aspen Shaving တို့ကို များစွာ ထူထဲ ခင်းကျင်းခြင်းတို့အား ဒီရာသီ၌ ရှောင်ရှားပေး၍ အေးမြသောကျောက်ပြားလေးများထည့်ထားပေးပါ။
#TinyHamsterKnowledge (တဆင့်ကူးယူခြင်းမပြုပါ)
တခြား စိတ်၀င်စားဖွယ် ဗဟုသုတ အကြောင်းအရာများကိုလည်း ရှာဖွေဖတ်ရူ့နိုင်ပါတယ်ခင်ဗျာ
Comments
Post a Comment