ဟန်းစတားတို့နှင့်အန္တရာယ်ရှိသော အစားအစာ
ဟန်းစတားတို့နှင့်အန္တရာယ်ရှိသောအစားအစာ
-ချောကလက်နှင့် သကြားလုံးများ
-အာလူးကြော်၊ငါးမုန့်ကြော်နှင့် ဆီကြော်စာများ
-ဗာဒံသီး နှင့် ပန်းသီးအစေ့၊ဗာဒံ အစေ့များ
-မြေပဲစေ့ နှင့် အာလူး၊အာလူးပြုတ်
-ကြက်သွန်နီ၊ဖြူ၊ဂျင်း
-ငရုတ်ကောင်းစေ့ နှင့် အပူအစပ်များ
-ဟင်းသီးဟင်းရွက်တို့ ရဲ့ စွန့်ပစ်အရိုး၊အကိုင်းများ နှင့် တရုတ်နံနံ
-ရင့် နေ သော မုန်ညှင်းရွက်အမြောက်အများ
-ပိုးသတ်ဆေးဖျန်းထားသော အသီးအရွက်များ နှင့် မှိုတက်နေသော အစားအစာများ
-အချိုဓာတ် လွန်ကဲသော အစားအစာများ
-အချဉ်ဓာတ်ပါသော အသီးအနှံ့များ
(လိမ္မော်၊ရှောက်၊စပျစ်၊သရက်သီး၊ချယ်ရီသီး အစရှိသည်)
-စေးကပ်တတ်သော ထမင်း အမြောက်အများ
-လူတွေစားသုံးသော(အရသာပါသော) အစားအစာများ.....
စသည်တို့ကို တိုက်ကျွေးပါက သင့်ရဲ့ဟန်းစတားလေးများရဲ့ ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။တနည်းအားဖြင့် မကျန်းမာသော၊ရောဂါထူသော ကောင်လေးများ ဖြစ်စေပြီး အလွန်ဆုံး အဆိပ်ဖြစ်ကာ သေစေတဲ့အထိ အန္တရာယ်ရှိတာမို့ မကျွေးမိဖို့ သတိပေးလိုက်ရပါတယ်။
ဟန်းစတားလေးတွေဟာ အစာမစား၊ရေမသောက်ပဲ ၁ရက်ကနေ ၃ရက်အထိသာ နေနိုင်ပါတယ်။ဒါ့ကြောင့် အာဟာရရှိတာတွေကိုသာ မျှတချင့်ချိန် ကျွေးဖို့ အကြံပေးအပ်ပါသည်။
=====
Comments
Post a Comment