Hamster တို့ရဲ့ အခြေခံပစ္စည်းများ

Hamster တို့ရဲ့ အခြေခံပစ္စည်းများ

Hamsterတွေဟာ မွေးနေကြ ကြောင်တွေထက်တောင် မွေးရတာ အာရုံများပါတယ်။‌ေလှာင်အိမ်ကန် စနစ် နဲ့ ထည့်သွင်း မွေးရတဲ့ တိတွေဖြစ်တာမို့ မွေးတတ်ရင် ကုသိုလ်ဖြစ်ပြီး မမွေးတတ်ရင်တော့ အကုသိုလ်ဖြစ်မှာပါ။
သင့်ဆီမှာ ဟန်းစတားလေးမရှိခင် သူတို့ရဲ့ အခြေခံလိုအပ်ချက် တွေ အရင်ရှိနေဖို့လိုပါတယ်။အကောင်၀ယ်ပြီးမှ ၊သို့မဟုတ်၊ မဲပေါက်လို့ အိမ်သယ်ပြီးမှ သူတို့ အခြေခံ ပစ္စည်းတွေ လိုက်ရှာ၀ယ်တာ၊မှာတာ မျိုးတွေလုပ်မယ်ဆို အဆင်မပြေပါဘူး။

အဓိက အခြေခံလိုအပ်ချက် ကတော့-

-၁-Bedding (အခင်းအိပ်ယာ)
-၂-Water Bottle & Hamster Food (ရေဘူး နှင့် အစာ)
-၃-Wheel/Spinner/Saucer (ပြေးဘီး)
-၄-Hide House (ပုန်းခိုအိမ်)
-၅-Sand Bath (ရေချိုးသဲ)
-၆-Toys (ကစားစရာ)
-၇-Cage or Tank (လှောင် သို့ ကန်)
-၈-Medicine (ဆေးဝါး)

~~~~~~
ဘာလို့ဒါတွေလိုရတာလဲ?
#Bedding
တောနက်ထဲကကောင်တွေကဲ့သို့ သူတို့ဟာလဲ သဘာ၀အသိစိတ်အရ တွင်းတူးခြင်း၊အသိုက်ဆောက်ခြင်း စတာတွေလုပ်ဖို့ Bedding ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။သွေးနွေးနို့တိုက် သတ္တဝါအုပ်စု ဖြစ်တဲ့အလျောက် Bedding ‌‌ေတွ ဟာ သူတို့ကို အေးတဲ့ရာသီတွေမှာလည်း နွေးထွေးစေမှာပါ။Bedding အထူ ၂/၃ လက္မ အနည်းဆုံးရှိဖို့တော့လိုတာပေါ့။
~~~~~~
#Hide House
သဘာ၀ အရ တောထဲက ဟန်းစတားလေးတွေဟာ မြေကြီးထဲမှာ ကျွင်းတူးပြီး အိပ်ဖို့တစ်နေရာ၊အစာသိုလှောင်ဖို့တစ်နေရာ၊ပုန်းခိုဖို့တစ်နေရာ စသဖြင့် အခန်းလေးတွေခွဲနေတတ်သူပါ။ဒါ့ကြောင့် သင်တို့ ဟန်းစတားလေးတွေအတွက်လဲ မီးအလင်းရောင်မရှိတဲ့ ပုန်းခိုအိမ်လေးတွေ လိုအပ်ပါတယ်။
~~~~~~
#Sand Bath

သူတို့ခန္ဓာကိုယ်မှာကပ်နေတဲ့ ရေ၊အမှုန်မွှား၊အစွန်းအ‌ေထး၊အညစ်‌ေကြးများ သို့ သူတို့ယားယံတဲ့အခါ သူတို့ဘာသာ ပွတ်တုိက်သန့်ရှင်းဖို့ သန့်စင်ပြီးသဲများလိုအပ်ပါတယ်။တချုိ့က ခွက်တေွဖြင့်ထား ‌ေလ့ရှိပြီး အခြားနိုင်ငံတွေမှာတော့ ကျယ်ကျယ်၀န်း၀န်းရှိတဲ့ ကန်လေးအနေဖြင့် နေရာတခုကန့်သတ် ခင်းပေး ထားတတ်ကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တိုးဝှေ့ပွတ်တိုက်ဖို့ အကျယ် ရှိရင်ရပါပြီ။
~~~~~~
#Toys
ဒါက‌ ေတာ့ သူတို့စူးစမ်းလေ့လာဖို့၊ဆော့ကစားဖို့ မပျင်းအောင် ထားရှိရမယ့်အရာပါပဲ။တစ်ခုထက်ပိုထားလေ ပို‌ေကာင်း‌ေလပါ။Tube‌၊လှိုင်ဂူ၊SeaSaw၊သဘာ၀သစ်ခေါင်း၊ဒန်း၊‌ေလှကားထစ်၊၀င်္ကပါ စသဖြင့် ပုန်းခို ၀င်ထွက် တက်သွားနိုင်တဲ့ ကစားစရာ အနည်းဆုံး တစ်ခုခု ရှိမှသာ သူတို့မပျင်းပဲ လျှောက်ပတ်သွားနေမှာဖြစ်ပါတယ်။တချို့ဆိုလျှင် အစာကျွေးတာတောင် ခွက်နဲ့မကျွေးပဲ တောထဲကလို Survive လုပ်ပြီး ရှာဖွေစားသောက်တတ်ဖို့ ဒီလိုကစားစရာတွေထဲမှာ အစာများကို ဖြန့်ကျဲဝှက်ထားတတ်ပါတယ်။ဒါကလဲ ဟန်းစတားလေးတွေကို မပျင်းစေပဲ စူးစမ်းတတ်ဖို့၊ရှာဖွေ စားသောက်တတ်ဖို့၊အလုပ်ရှုတ်နေစေဖို့ အတွက် အလေ့ကျင့်ကောင်းတစ်ခုပါပဲ။

~~~~~~
အခုပြောပြထားတာကတော့ အခြေခံ မရှိမဖြစ် လိုအပ်ချက် များဖြစ်ပြီး ပုံထဲက ဟာတွေ ၀ယ်ရမယ်လို့ဆိုလိုတာမဟုတ်ပဲ အိမ်မှာပဲ DIY ပြုလုပ်နိုင်တဲ့ ကစားစရာများစွာရှိပါတယ်။ ထပ်ဖြည့် ချင်တာ ဖြည့်ရင်ဖြည့်သလောက် ကုန်ကျ မှာဖြစ်ပါတယ်။

Reference from articles
#MicroHamster

Comments

လတ်တလော ဖတ်ရူသူများနေသော အကြောင်းအရာ

ဟန်းစတားတို့နှင့်အန္တရာယ်ရှိသော အစားအစာ

ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ