Posts

ပူပြင်းသောနွေ နှင့် ဟမ်းစတားလေးများ

ပူပြင်းသောနွေနှင့် ဟမ်းစတားလေးများ (2022)   အခုတလော နေ့ကော၊ညကော ပူပြင်းတဲ့ နွေရာသီ ကြောင့်ကော၊ လျှပ်စစ်မီးကပါ လူမဆန်စွာဖြတ်နေတာကြောင့် လူသားတွေအတွက်ကော၊ဟမ်းစတားလေးတွေအတွက်ပါ များစွာထိခိုက်ခံစားနေရပါတယ်။ အရင်လို မိမိတို့ဟမ်းစတားတွေကိုသာမန်နေ့တွေလိုပစ်မထားပဲ၊ပိုမိုဂရုစိုက် ပေးဖို့လိုလာပါပြီ။ဟမ်းစတားများဟာ ပူလွန်း၊အေးလွန်သောဒဏ်များကိုကောင်းစွာ အံမတု နိုင်တာကြောင့် အပူလွန်၍ Heat stroke or Heat stressဖြစ်ပေါ်စေနိုင်ပါတယ်။  လက္ခဏာများမှာ- ခံတွင်းတဝိုက်သရေစိုရွဲနေခြင်း၊အမွှေးများတစုတစည်းကပ်နေခြင်း၊အင်အားချိနဲ့ကာသွားလာရာမလွယ်ကူခြင်း၊ညည်းတွားခြင်း၊အိပ်စက်နေစဉ်အတွင်းရုန်းကန်နေခြင်း၊ကောင်းစွာအစာမစားခြင်း၊ရေငတ်ခြင်းတို့နှင့် ပုန်းအိမ်မှထွက်ကာ ရှင်းလင်းသောနေရာများ၌သွားရောက် တိုးဝှေ့ အိပ်နေပါက အပူလွန်ကဲသောဒဏ်ကို ခံစားနေရခြင်း အစလက္ခဏာများဖြစ်ပါတယ်။ အသက်သေဆုံးသည်အထိလျင်မြန်စွာဖြစ်သွားနိုင်သလို နှစ်စဉ်နဲ့အမျှလဲ ဒီလိုအချိန်ရောက်တိုင်း အသက်ဆုံးရှူံးနေရတဲ့ ကလေးများရှိနေဆဲပါပဲ။  ဒါ့ကြောင့်ဆောင်ရန်၊ရှောင်ရန်တချို့ကိုမျှဝေပေးလိုက်ပါတယ်။  (၁) Cage သို့ Tank များကို လေ၀င်လေထွက်ကောင်းသောနေ...

ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ

Image
  ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ အသင့်ထုတ်ပြီးသား Ready Madeအစာခြောက်ထုတ်များ မှာ လိုအပ်သော ဗီတာမင် နှင့် ဓာတ်သတ္တုများ အချိုးကျစွာ ပါ၀င်တာကြောင့် အစာခြောက်ကျွေးရာမှာတော့ ကောင်းမွန်တဲ့ အရည်သွေးရှိတဲ့အမျိုးအစားကို ရွေးချယ်ဖို့ကလွဲရင် တခြား 'ဗျာ' များစရာမလိုပါဘူး။သို့သော် သဘာ၀ အရသာအစစ်တွေ နဲ့ ထိတွေ့ဖို့ ကျွေးနိုင်သော၊‌ေကျွးလို့ရ ‌ေသာ ရင်းနှီးနေကြ အစားအစာတချို့ကို ဖော်ပြလိုက်ရပါတယ်။ ဗီတာမင်နှင့် ဓာတ်သတ္ထုများအတွက် -ဆလပ်ရွက်၊ကိုက်လန်ရွက်(အနု) -ပန်းဂေါ်ဖီ/စိမ်း၊သခွားသီး၊သခွားမွှေး(အနည်းငယ်သာ) -မုန်လာဥနီ၊မုန်လာဥနီအညွန့်နု -သကြားပြောင်းစေ့၊ဗိုလ်စားပဲ၊စားတော်ပဲ၊ပဲပိုးသီး၊နေကြာစေ့(အရသာမပါ) -ငှက်ပျောသီး၊ပန်းသီး(အစေ့မပါ၊အခွံ့မပါ) -ဘလက်ဘယ်ရီ၊ဘလူးဘယ်ရီ၊သင်္ဘောသီးမှည့် (အချိုသီးသန့်) -သရက်သီး(အချိုသီးသန့်)၊စ‌တော်ဘယ်ရီ(အချိုသီးသန့်)၊စပျစ်(အချိုသီးသန့်) -ပန်းသစ်တော်၊ဖရဲသီး၊မက္မွန်သီး (အရည်ရွမ်း သောကြောင့်အလွန်သေးငယ်သောအစိတ်အပိုင်းလေးသာကျွေးသင့်) -ကန်စွန်းဥ၊ဖရုံစေ့ စတဲ့ အသီးအရွက္များကို ပိုးသတ်ဆေးမပါအောင် ဆေးကြောသန့်စင်ပြီးမှကျွေးနိုင်ပါတယ်။ ပရိုတိန်းဓာတ်အတွက် -ကြက်သားပြုတ် -ပုစွန်ပြုတ် ...

Hamster တို့ရဲ့ အခြေခံပစ္စည်းများ

Image
Hamster တို့ရဲ့ အခြေခံပစ္စည်းများ Hamsterတွေဟာ မွေးနေကြ ကြောင်တွေထက်တောင် မွေးရတာ အာရုံများပါတယ်။‌ေလှာင်အိမ်ကန် စနစ် နဲ့ ထည့်သွင်း မွေးရတဲ့ တိတွေဖြစ်တာမို့ မွေးတတ်ရင် ကုသိုလ်ဖြစ်ပြီး မမွေးတတ်ရင်တော့ အကုသိုလ်ဖြစ်မှာပါ။ သင့်ဆီမှာ ဟန်းစတားလေးမရှိခင် သူတို့ရဲ့ အခြေခံလိုအပ်ချက် တွေ အရင်ရှိနေဖို့လိုပါတယ်။အကောင်၀ယ်ပြီးမှ ၊သို့မဟုတ်၊ မဲပေါက်လို့ အိမ်သယ်ပြီးမှ သူတို့ အခြေခံ ပစ္စည်းတွေ လိုက်ရှာ၀ယ်တာ၊မှာတာ မျိုးတွေလုပ်မယ်ဆို အဆင်မပြေပါဘူး။ အဓိက အခြေခံလိုအပ်ချက် ကတော့- -၁-Bedding (အခင်းအိပ်ယာ) -၂-Water Bottle & Hamster Food (ရေဘူး နှင့် အစာ) -၃-Wheel/Spinner/Saucer (ပြေးဘီး) -၄-Hide House (ပုန်းခိုအိမ်) -၅-Sand Bath (ရေချိုးသဲ) -၆-Toys (ကစားစရာ) -၇-Cage or Tank (လှောင် သို့ ကန်) -၈-Medicine (ဆေးဝါး) ~~~~~~ ဘာလို့ဒါတွေလိုရတာလဲ? #Bedding တောနက်ထဲကကောင်တွေကဲ့သို့ သူတို့ဟာလဲ သဘာ၀အသိစိတ်အရ တွင်းတူးခြင်း၊အသိုက်ဆောက်ခြင်း စတာတွေလုပ်ဖို့ Bedding ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။သွေးနွေးနို့တိုက် သတ္တဝါအုပ်စု ဖြစ်တဲ့အလျောက် Bedding ‌‌ေတွ ဟာ သူတို့ကို အေးတဲ့ရာသီတွေမှာလည်း နွေးထွေးစေမှာပါ။Bedding အထူ ၂/၃ လက္မ ...