မှန်ကန်သော Cage ပုံစံ နဲ့ အတိုင်းအတာ
မှန်ကန်သော Cage ပုံစံ နဲ့ အတိုင်းအတာ
Hamsterတွေအတွက် အမြင့်ေတွ နဲ့ အထက်အောက် ရှုတ်ရှပ်နေတဲ့ ၀င်္ကပါ အပေါက်တွေဟာသူတို့အတွက်ပျော်စရာမဟုတ်ပါဘူး။ ဒါ့ေကြာင့် အလျားနဲ့အနံသာ ကျယ်၀န်းဖို့လိုပါတယ်။
ဒီနိုင်ငံမှာတော့ လှောင်အိမ် (Cage or Aquarium)ငါးကန်တွေ နဲ့ အများစု မွေးမြူကြပါတယ်။ဒီ နေရာမှာ Cage ဆိုတာ ခွေးတွေထည့်တဲ့ သံတိုင် Only Cage မဟုတ်ပဲ Bedding ထည့်ဖို့အောက်ခံ ပလတ်စတစ် ခွက်ပါတဲ့ Wire-top cage ကိုဆိုလိုပါတယ်။ပုံမှန် အားဖြင့် သူတို့အတွက် ကျယ်၀န်းရမယ့် အနည်းဆုံး အကျယ်အ၀န်းက နိုင်ငံတကာစံနှုန်း အနေဖြင့် 450sq inches ရှိရမယ်လို့ဆိုထားပါတယ်။အဲ့ထက်ကျယ်လေ ပိုကောင်းလေပေါ့။မြင်အောင်ပြရရင်အလျား 2ပေ အနံ ၁ပေခွဲ ကိုဆိုလိုတာပါ။Hamster ထဲမှာ မှ Syrian (ဆီးရီးယမ်) ပိုလာ တွေဟာ အကောင်ပိုထွားလို့ နေရာပိုကျယ်ကျယ်ယူပါတယ်။သူတို့ကို (1ပေပတ်ခြာလည်) သေးငယ်ကျဉ်းမြောင်းတဲ့နေရာမှာ မွေးမယ်ဆိုရင် စိတ်ဖိစီးမှုများပြီး မပျော်မရွှင် ဖြစ်ကာ သက်တမ်းစေ့မှာမဟုတ်ပဲ ရောဂါထနေပါလိမ့်မယ်။Syrian မှမဟုတ်ပါဘူး ကျန်တဲ့ Dwarf တွေလဲ ထိုနည်း၎င်းပါပဲ။ပျော်ရွှင်နေဖို့ ၊ပတ်ကာဆော့ကစားနေဖို့၊ဆော့စရာတွေထည့်ဖို့ ကျယ်၀န်းတဲ့ ပမာဏက လိုကိုလိုပါတယ်။လူဆိုရင်လဲ တိုက်ခန်းထဲတိုက်ပိတ် ထောင်ကျနေရရင် စိတ် ကျန်းမာရေး ထဖောက်တတ်တာပဲမဟုတ်လား?
ဒါ့ကြောင့် အနည်းဆုံး ဒီမှာတော့ 2ပေ ၁ပေရှိဖို့ လိုကို လိုတာပါ။ဒီစာပိုဒ်မှာတော့ လှောင်အိမ် နဲ့ မှန်ကန်ကို ရွေးချယ်ဖို့ ဦးစားပေး ပြောသွားပါမယ်။
××××
ကောင်းမွန်သော Cage များ
Wire-Top Cage
______
ဒါကတော့ အောက်ခံပလတ်စတစ် ပါ ရှိပြီး အ ပေါ်က သံတိုင်ရှိ တာ ကိုဆိုလို တာပါ။ ၂ပေ၁ပေ အလွတ်ဆိုရင်
၁၈၀၀၀ ကနေ ၂၃၀၀၀ ၀န်းကျင် ပဲရှိပါတယ်။။ပြီးခါမှ လိုအပ်တဲ့ Tube တွေ၊ဒန်းတွေ၊လှေကားတွေ စသဖြင့် ထပ်ဖြည့်တာဖြစ်ဖြစ်၊ သံဇကာပတ်လည်ဖြစ်တာမို့ အထပ်တစ်ဆင့်ထပ်တိုးတာဖြစ်ဖြစ်၊HomeMade အနေဖြင့် ၃ထပ်သားပိုးတာတွေ စသဖြင့် Addition တွေဖြည့်လို့ရ ပါတယ်။ရေဘူးကို လည်းလှောင်အိမ်အပြင် မှာချိတ်လို့ရတာမို့လို့ နေရာစားသက်သာပြီး လေဝင်လေထွက်လဲကောင်းမွန်မှာဖြစ်ပါတယ်၊၊ သယ်ရ ချရလဲလွယ်ကူလို့ ရွေ့ ပြောင်းရ အဆင်ပြေနိုင်ပါတယ်၊၊ ရွေးချယ်ရာမှာ သူ့ အောက်ခံပလတ်စတစ်က ၃/၄ လက်မသာ ရှိတာမို့ bedding ၆လက်မ လောက်ခင်းချင်သူ တွေအတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး...ဟန်းစတားတွေရဲ့အမူအကျင့်အရ သံတိုင်တွေကိုက်တာ၊ ခိုတတ်တာ တွေရှိတာမို့လို့ အောက်ခံအခင်းသာမထူခဲ့ရင်အတွင်းကြေ အနာတွေ၊အရိုးထိခိုက်နာ တွေဖြစ်စေပါတယ်၊ဒါ့ကြောင့် ပလတ်စတစ် ရှိသလောက် bedding ထူ အောင်ခင်းဖို့အရေးကြီးပါတယ်။ လှောင်အိမ်တွေဟာ သန့်ရှင်းရေးလုပ်ရမှာလွယ် ကူစေပါသေးတယ်၊၊တချို့လှောင်အိမ် တွေမှာအသင့်ပါလာတဲ့ Wheel တွေ၊House တွေက သေးငယ်တာတွေ့ရပါတယ်။ ဒီဟာတွေဟာ WinterWhite ပေါက်ကာစနှင့် Robo တွေ သာအဆင်ပြေပြီး Syrian Polar တွေ ဖြစ်မယ်ဆိုရင်တော့ ဖြုတ်လဲဖို့ အထူးအရေးကြီးပါတယ်။Winter White တောင်အရွယ်ရလာရင်အဆင်မပြေပါဘူး၊၊ဒီလို cage မှာ အသင့်ပါတဲ့ Wheel တွေ ဟာ ၁ပေ ခွဲ Cage များမှာသာ တွေ့ရတတ်ပြီး robo တွေအတွက်ရည်ရွယ်ထုတ် တာဖြစ်ပါလိမ့်မယ်၊၊ ဒါ့ကြောင့်ဝယ်မယ့်ဝယ် အလွတ် ၂ပေ ၁ပေသာဝယ်ပြီး ကိုယ့်ဘာသာပြန်ဆင်ဖို့အကြံ ပြုပါတယ်
××××
Aquarium Tank
______
ငါးမွေးတဲ့ကန်လေးတွေဟာ ဈေးနှုန်းအားဖြင့် ၂ပေ၁ပေ ဆိုဒ်ကို Secondဈေးမှာ ၆၀၀၀ ကနေ ၈၀၀၀ ရှိပြီး အသစ်ဈေးမှာဆို ၁၁၀၀၀ ကနေ ၁၃၀၀၀ အထိ တွေ့ရပါတယ်။မှန်အလွှာသေးလေး ထပ်တိုးချင်ရင်ေတာင် ဆိုင်မှာ Customize လုပ်ခိုင်းဖို့လွယ်ကူပါသေးတယ်။လှောင်အိမ်တွေလို ဟန်းစတားလေးများ သံတိုင်ကိုကိုက်ခြင်းမှ ကင်းဝေးစေပြီး အပေါ်သို့ကုတ်ကပ်တက်ခြင်းကိုလဲ စိတ်ပူစေရမှာမဟုတ်ပါဘူး။Beddingထူထူခင်းချင် သူတွေအတွက်အဆင်ပြေစေမှာဖြစ်ပြီး ကန်အပေါ်အပိတ်မရှိပါက ခုန်ထွက်နိုင်ပြီး ကြောင်တွေ၀င်ရောက်ခုတ်ယူသွားမှာလဲ စိုးရိမ်ရပါတယ်။ အပိတ်ရှိပါကလဲ လေ၀င်လေထွက် ကောင်းဖို့ လိုအပ်ပြီး ဇကာလှောင်အိမ်တွေထက်တော့ ပိုမသာပါဘူး။သယ်ရပြုရခက်ပြီး အမြင့်မှာထားဖို့လဲ အခက်အခဲရှိစေမှာပါ။သန့်ရှင်းရေးပြုလုပ်ရမှာ လှောင်အိမ်တွေလောက်လွယ်ကူမှာမဟုတ်ပါဘူး။သို့သော် မှန်ကန်ရဲ့အေးမြမှုက နွေရာသီမှာ ဟန်းစတားလေးတွေအတွက် ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။
×××××
အထက်ပါကောင်းကျိုး၊ဆိုးကျိုး များကိုယှဉ်ပြီး မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။Minimum size ၂ပေ ၁ပေကို အခြေခံပြောထားတာဖြစ်ပြီး ဆိုဒ်ပိုကြီးပါက ပိုကောင်းပါတယ်။Bedding လဲ ပိုခင်းနိုင်ဖို့လိုတာပေါ့:'))
မ ရွေးချယ်သင့်သော Cage များ
#MicroHamster
Comments
Post a Comment