Hamster မျိုးစိတ် နှင့် သူတို့အကြောင်း (အပိုင်း၁)

Hamster မျိုးစိတ် နှင့် သူတို့အကြောင်း 

(အပိုင်း၁)Golden Or Syrian Or Polar Hamster

ဒီနိုင်ငံမှာ အများဆုံးလူကြိုက် များတာကတော့ Polar (ပိုလာ) ခေါ် Syrian (ဆီရီးယန်) မျိုးစိတ်ပဲ ဖြစ်ပါတယ်။ Golden လို့ဘာလို့ခေါ်လဲဆိုတာတော့ သူ့ကိုစတင်ရှာဖွေ တွေ့ရှိတုန်းက အကောင်က ရွှေရောင်အ‌ရောင် အဆင်းရှိတာကြောင့် ဖြစ်ပါတယ်။

Syrian လို့လည်း ဘာလို့ခေါ်လဲဆိုတော့ သူတို့ဟာ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း နဲ့ တူရကီ တောင်ပိုင်း မိုးနည်းဒေသတွေမှာ တွေ့ရလို့ပါ။အရင်တုန်းက စိုက်ပျိုးသီးနှံ့တွေ ဖျက်ဆီးလို့ လူတွေက ဖမ်းဆီးကြရာကနေ မျိုးစိတ်ပျောက်ကွယ်မှာစိုး လို့ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးက ကာကွယ်စောင့်ရှောက်ခဲ့ရပါတယ်။ယခုအခါမှာတော့ အိမ်မွေး Pets တွေအဖြစ် မွေးမြူရာကနေ မတရားပေါက်ဖွားနေတာကြောင့် မျိုးပွားခြင်းကို ကန့်သတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။ဒီ Polar ဟန်းစတားလေးတွေဟာ တစ် ကမ္ဘာလုံးဆိုင်ရာ ရောဂါစမ်းသပ်ခြင်းတွေ၊ သိပ္ပံပညာရှင်တွေရဲ့ Researching နယ်ပယ်မှာ အစမ်းသပ်ခံအဖြစ် အသုံးတည့်နေတဲ့ အကောင်လေးတွေလဲဖြစ်ပါတယ်။တခါ‌တစ်လေ နိုင်ငံခြားကားတွေမှာ ဒီကောင်‌လေးတွေ နဲ့ ရောဂါစမ်းသပ်ကုသတာ မြင်ဖူးကြမှာပါ။Covid19 ရောဂါ ကုထုံးကိုလည်း ဒီ Polar ကောင်လေးတွေနဲ့ စတင်စမ်းသပ်မယ်လို့လဲ 2020 March လပိုင်းက ဟောင်ကောင်က ကြေညာဖူးပါသေးတယ်။

သူတို့ဟာ ဟန်းစတား မျိုးစိတ်ထဲမှာ အရွယ်အကြီးဆုံး ပြီး လူအယဉ်ဆုံးပါ။ 5လက္မ ကနေ 6လက္မ အထိကြီးထွားနိုင်ပြီး သက်တမ်းကတော့ 1 နှစ် 2 နှစ် အထိနေနိုင်ပါတယ်။ အများဆုံး2နှစ်/၃နှစ် ထက်ပိုပြီး မရှင်သန်နိုင်ပါဘူး။ မွေးတဲ့သူဂရုမစိုက် ခြင်း အပေါ် လဲမူတည်နေပါသေးတယ်။တောထဲက အရိုင်းကောင်တွေဆို ဒီအိမ်မွေးကောင်တွေ ထက် ပိုပြီးသက်တမ်းတို ပါတယ်။ 

အရွယ်ရောက်ပြီးသား အပျို အမလေးတွေဟာ ၄ရက်တကြိမ်ရာသီလာပါတယ်။သူတို့ရဲ့ ကိုယ်၀န်ဆောင်ချိန်ဟာ ၁၆ရက် မှ ၁၇ရက်အထိကြာနိုင်ပြီး ဆီရီယန် မျိုးစိတ်ဟာ တခြားမျိူးစိတ် တွေ ထက် ကိုယ်၀န်ဆောင်ရက်တိုတယ်လို့ပြောလို့ရပါတယ်။မွေးပြီးတဲ့အခါမှာလဲ သူတို့ စိတ်ဖိစီးမှုများတဲ့အခါ၊လူတွေရဲ့ထိတွေ့မှုခဏခဏခံရတဲ့အခါ၊သူတို့ကို စိတ်အနှောင့်ယှက် ဖြစ်စေတဲ့ မီးလင်းထိန်အောင်ထွန်းထားခြင်း၊ဓာတ်မီးဖြင့်ထိုးခြင်း၊သူတို့ပါပီလေးတွေကိုကိုင်တွယ်ခြင်း မျိုးမပြုလုပ်သင့်ပါဘူး။လူတွေလိုပဲ သွေးနု‌သားနု ဖြစ်နေတာကြောင့် ဆတ်ဆတ်ထိမခံဖြစ်တတ်ကြပါတယ်။သူတို့ မွေးခန်နီးပြီးဆို အခြားကောင်တွေနဲ့ မရောပဲ ကြိုတင် အိမ်ရွေ့ထားသင့်ပါတယ်။ သို့မဟုတ် တခြားအကောင်တွေကို ရွေ့ထားသင့်ပါတယ်။ မွေးမယ့်ရက်နီးပြီဆို သူတို့အသိုက်ဆောက်တတ်ကြပါတယ်။မွေးပြီးမှ ရွေ့တာမျိုးလုံး၀မလုပ်သင့်ပါ။သူတို့ အသိုက် ဆောက်ပြီးမှ အိမ်အပြောင်းအလဲ အခင်းအပြောင်းအလဲ မလုပ်သင့်ပါ။အဲ့အခါ စိတ်မကြည်ရင် ၊ သူတို့ကလေးတွေမှာချို့ယွင်းချက်ရှိရင် ကိုက်စားတတ်ပါသေးတယ်။သေချာတာကတော့ မျိုးမဖောက်တာကောင်းပါတယ်။ကျွမ်းကျင်တဲ့သူ တွေ ဖောက်ပါလိမ့်မယ်။ကျွန်တော်ကတော့ တစ်ကောင်ထဲမွေးတာကို အားပေးပါတယ်။


ဟန်းစတာ‌လေးတွေဟာ သည်းခံနိုင်စွမ်းနည်းကြပါတယ်။သူတို့နယ်မြေကြောင့်၊ကစားစရာကြောင့်တိုက်ခိုက်တတ်ကြပါတယ်။အထီးနဲ့အမ ဆိုရင်တောင် မိတ်လိုက်ပြီးတဲ့အခါမှာ အမက အထီးကို ကိုက်တတ်ပါတယ်။ တအူထဲဆင်းတဲ့ မွေးချင်းတွေဆို Gender မတူပါက ၄ပတ်အထိ အတူတည့်ကြပြီး Gender တူပါက ၈ပတ်အထိ အတူတည့်ကြပါတယ်။အဲ့အချိန်ကာလကျော်ရင်တော့ရန်သူပါပဲ.. ကိုက်ရင်လဲ သေမှရပ်ပါတယ် မသေမချင်း စိတ်ကူးပေါက်ရင်ထထကိုက်နေမှာပါ။ 


ဗြိတိန်၊အမေရိကား တို့မှာ ပိုလာဟန်းစတား တွေကို အသက်၆နှစ်အထက် ရှိသူများကိုသာ မွေးမြူခိုင်းပြီး သူတို့နိုင်ငံမှာ အများဆုံးရောင်းချတဲ့ ဟန်းစတားမျိုးစိတ်ကလဲ Polar or Syrian or Golden Hamster ပဲဖြစ်ပါတယ်။
××××××
#MicroHamster

Comments

လတ်တလော ဖတ်ရူသူများနေသော အကြောင်းအရာ

ဟန်းစတားတို့နှင့်အန္တရာယ်ရှိသော အစားအစာ

ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ

Hamster တို့ရဲ့ အခြေခံပစ္စည်းများ