Hamster မျိုးစိတ် နှင့် သူတို့အကြောင်း အပိုင်း(၃)
အရွယ်အစားအားဖြင့် မိခင်ဗိုက်ထဲက ထွက်တာနဲ့ ၂စင်တီမီတာ ရှိကြပြီး အရွယ်ရောက်တကောင်ကတော့ ၅စင်တီမီတာ(၂လက်မ) အထိရှိကြပါတယ်။အခြားမျိုးစိတ်တွေထက် ထူးခြားသည်မှာ မျက်လုံးနားတဝိုက် မှာ မျက်ခုံးလိုမျိုး အဖြူအကွက်ေလးထင်းနေတတ်ပြီး မျက်နှာပုံစံက စုပ်ချွန်းချွန်း သဏ္ဍာန်ရှိပါတယ်။အ မွှေးကြားထဲမှာ ဆံပင်ကဲ့သုိ့ အမဲကြားလေးတွေရှိတာဟာလဲ ရိုဘိုတို့ရဲ့ အမှတ်အသားပါပဲ။သူတို့ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ ပြေးနိုင်စွမ်းတွေ နှင့် သေးငယ်သော အရွယ်အစားတွေ ကြောင့် တခြားဟန်းစတားတွေထက် လူအများချစ်ခင်ကြပြီး သူတို့တွေဟာ တညကို၆မိုင်အထိတောင် ပြေးနိုင်ပါတယ်တဲ့...
သူတို့ကိုဂရုစိုက်နိုင်တဲ့အပေါ်မူတည်ပြီး ၂နှစ်ကနေ ၃နှစ်အထိ ရှင်သန်နိုင်ကြပြီး ၄နှစ်အထိတောင်ဂရုတစိုက်မွေး ဖူးတဲ့ သမိုင်းများလဲရှိခဲ့တယ်လို့ဆိုပါတယ်။Wild life ထဲက ကောင်လေးတွေကတော့ အများဆံုး၂နှစ်အထိရှင်သန်တာကိုတွေ့ရပါတယ်။မြေအောက်၆ ပေအထိ လည်း တွင်းတူးနေထိုင်တတ်ကြ၊ အစာသိုလှောင် တတ်ကြ ပါတယ်။
Robo တွေဟာ သဘာ၀အရ မကိုက်တတ် ကြပေမယ့် Syrian တွေလောက်တော့မယဉ်ပါဘူး သူတို့ စိတ်ရှုပ်တဲ့အခါ၊ကြောက်လန့်တဲ့အခါမှာေတွ ၊တခါတလေ အရိုင်းစိတ်၀င်တတ်တာမျိုးရှိတယ်လို့ သိပ္ပံပညာရှင်များကဆိုထားပါတယ်။Syrianတွေလိုမဟုတ်ပဲ Roboေလးေတကို 1ကောင်ထက်ပိုပြီး အတူတကွ မွေးနိုင်ပါတယ်။Wild life တွေမှာ တကောင်ထဲ နေတဲ့ အကောင်တွေကို တွေ့ရသလို တကျွင်းထဲမှာ အုပ်စုလိုက် နေနေတာမျိုးလဲ တွေ့ရပါတယ်။ဒါပေမယ့် သူတိူ့ရဲ့ပင်ကိုစိတ်အရ သူတို့နယ်မြေကို တခြားသူကလုယူမှာကို တော့ ဘယ်သူမဆိုမကြိုက်ကြပါဘူး။နေရာကျယ်ကျယ်နဲ့ ပစ္စည်းမျှတစွာ ထားဖို့ တော့လိုတာပေါ့။အမြဲတက်ကြွလှုပ်ရှား နေပြီး ကစားစရာအစုံအလင်နဲ့ ပြေးလွှားဆော့ကစားတတ်ကြပါတယ်။သူတို့ကိုမွေးမယ်ဆိုရင်တော့ ကစားစရာ ပိုစုံဖို့လိုပါတယ်။အကောင်သေးသေးလေးတွေချစ်တယ်၊ပြေးလွှားဆော့ကစားနေတာကိုကြည့်ချင်သူတွေအဖို့ Roboလေးတွေဟာအသင့်တော်ဆုံးဖြစ်ပြီး လူနဲ့ လက်ပွန်းသတီး နေ့ မယ်ဆိုရင်တော့ Syrian က ပိုအဆင်ပြေပါလိမ့်မယ်။ဒါပေမယ့် အမြဲကိုင်တွယ်နေတာမျိုးဆိုရင်တော့ အကောင်မှမဟုတ်ပါဘူး လူလဲမကြိုက်ပါဘူးသူတို့ကိုဂရုစိုက်နိုင်တဲ့အပေါ်မူတည်ပြီး ၂နှစ်ကနေ ၃နှစ်အထိ ရှင်သန်နိုင်ကြပြီး ၄နှစ်အထိတောင်ဂရုတစိုက်မွေး ဖူးတဲ့ သမိုင်းများလဲရှိခဲ့တယ်လို့ဆိုပါတယ်။Wild life ထဲက ကောင်လေးတွေကတော့ အများဆံုး၂နှစ်အထိရှင်သန်တာကိုတွေ့ရပါတယ်။မြေအောက်၆ ပေအထိ လည်း တွင်းတူးနေထိုင်တတ်ကြ၊ အစာသိုလှောင် တတ်ကြ ပါတယ်။
Comments
Post a Comment