ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ

ဟန်းစတားတို့အတွက် အာဟာရရှိသော အစားအစာ အသင့်ထုတ်ပြီးသား Ready Madeအစာခြောက်ထုတ်များ မှာ လိုအပ်သော ဗီတာမင် နှင့် ဓာတ်သတ္တုများ အချိုးကျစွာ ပါ၀င်တာကြောင့် အစာခြောက်ကျွေးရာမှာတော့ ကောင်းမွန်တဲ့ အရည်သွေးရှိတဲ့အမျိုးအစားကို ရွေးချယ်ဖို့ကလွဲရင် တခြား 'ဗျာ' များစရာမလိုပါဘူး။သို့သော် သဘာ၀ အရသာအစစ်တွေ နဲ့ ထိတွေ့ဖို့ ကျွေးနိုင်သော၊ေကျွးလို့ရ ေသာ ရင်းနှီးနေကြ အစားအစာတချို့ကို ဖော်ပြလိုက်ရပါတယ်။ ဗီတာမင်နှင့် ဓာတ်သတ္ထုများအတွက် -ဆလပ်ရွက်၊ကိုက်လန်ရွက်(အနု) -ပန်းဂေါ်ဖီ/စိမ်း၊သခွားသီး၊သခွားမွှေး(အနည်းငယ်သာ) -မုန်လာဥနီ၊မုန်လာဥနီအညွန့်နု -သကြားပြောင်းစေ့၊ဗိုလ်စားပဲ၊စားတော်ပဲ၊ပဲပိုးသီး၊နေကြာစေ့(အရသာမပါ) -ငှက်ပျောသီး၊ပန်းသီး(အစေ့မပါ၊အခွံ့မပါ) -ဘလက်ဘယ်ရီ၊ဘလူးဘယ်ရီ၊သင်္ဘောသီးမှည့် (အချိုသီးသန့်) -သရက်သီး(အချိုသီးသန့်)၊စတော်ဘယ်ရီ(အချိုသီးသန့်)၊စပျစ်(အချိုသီးသန့်) -ပန်းသစ်တော်၊ဖရဲသီး၊မက္မွန်သီး (အရည်ရွမ်း သောကြောင့်အလွန်သေးငယ်သောအစိတ်အပိုင်းလေးသာကျွေးသင့်) -ကန်စွန်းဥ၊ဖရုံစေ့ စတဲ့ အသီးအရွက္များကို ပိုးသတ်ဆေးမပါအောင် ဆေးကြောသန့်စင်ပြီးမှကျွေးနိုင်ပါတယ်။ ပရိုတိန်းဓာတ်အတွက် -ကြက်သားပြုတ် -ပုစွန်ပြုတ် ...